“တစ်ကြိမ်မှာတစ်ခု”
ကျွန်တော်တို့မိတ်ဆွေတစ်ယောက်ကလူသူရှင်းသောမက္ကဆီကိုကမ်းခြေတစ်နေရာမှာ
သူကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်တစ်ခုကိုပြောပြသည်။
နေ၀င်ဆည်းဆာအချိန်ကမ်းခြေမှာသူတစ်ယောက်တည်းလျှောက်သွားရင်းဟိုအဝေးဆီမှာလူတစ်
ယောက်လှမ်းမြင်ရသည်။နည်းနည်းနီးလာတော့ဒေသခံတစ်ယောက်ဖြစ်ကြောင်းသတိပြုမိသည်။သည်လူက ကမ်းခြေသောင်စပ်မှာ
ကုန်းကုန်း ကုန်းကုန်းသွားနေရာကတစ်စုံတစ်ခုကိုကောက်ကာပင်လယ်ရေထဲ လွင့်ပစ်သည်။သည်နောက်
အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင်ကောက်ယူ လိုက် လွင့်ပစ်လိုက်လုပ်နေသည်။
ကျွန်တော်တို့မိတ်ဆွေသူ့အနားရောက်သွားပြီး
သေသေချာချာကြည့်တော့ လှိုင်းထဲပါလာပြီး သဲသောင်ပြင်ပေါ်တင်ကျန်နေသည့်ကြယ်ငါးတွေကိုရေထဲပြန်ပစ်ထည့်နေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။
သည်လူ
ဘာရည်ရွယ်ချက်နှင့်လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရဖြစ်သွားသည်။ သို့နှင့်
သူ့ကိုနှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့မေးပါရစေဗျာ၊ မိတ်ဆွေဘာလုပ်နေ
တာပါလိမ့်”
“ကြယ်ငါးတွေကိုသမုဒ္ဒရာထဲပြန်ပို့ပေးနေတာလေ၊
ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ အခုဒီရေကျချိန် သောင်ပြင်ပေါ်မှာတင်ကျန်ခဲ့တဲ့ကောင်တွေဟာရေတက်တဲ့အချိန်ရောက်အောင်ဒီမှာအကြာကြီးစောင့်နေရမှာ၊
ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီးသေမှာ”
“ဟုတ်ကဲ့၊
အဲဒါတော့ကျွန်တော်လည်းသဘောပေါက်ပါတယ်၊ကျွန်တော့်မိတ်ဆွေကဆိုသည်။ ဒါပေမယ့်ဒီကမ်းခြေတစ်လျှောက်မှာကြယ်ငါးတွေထောင်ချီရှိနေမှာပေါ့၊
အဲဒီကောင်တွေအားလုံး ခင်ဗျား ဘယ်လိုလိုက်ကောက်မလဲ၊ တစ်ယောက်တည်းမနိုင်နိုင်ဘူးလေဗျာ၊
ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆို ခုလိုသဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊
ဒီသောင်စပ်တိုင်းမှာရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊သူ့သဘာဝနဲ့သူဖြစ်နေတာ ခင်ဗျာတစ်ယောက်ကြောင့်ဘာတွေပြောင်းလဲသွားနိုင်မလဲ”
ဒေသခံပုဂ္ဂိုလ်က
ပြုံးသည်။ နောက်ထပ်ကြယ်ငါးတစ်ကောင် ကောက်တယ်။
ထို့နောက်
“အခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက် တော့ ထူးခြားသွားတာပေါ့ဗျာ
ဟုဆိုကာ ပင်လယ်ရေထဲလှမ်းပစ်ထည့်လိုက်လေသည်”
Transl: Phae Myint
Source
: One at a time (Jack Canfie & Mark V.Hansen)